Header Ads

ad728
  • Breaking News

    ငရုတ်ပင် နည်းစနစ်တကျစိုက်ပျိုးနည်း


    ငရုတ်ဟာ မြေသြဇာကြွယ်ဝပြီး ရေမဝပ်တဲ့မြေမျိုး၊ သဲနုန်း၊ နုန်းမြေတွေက အကောင်းဆုံးဖြစ်ပါတယ်။  မြေစေးအသင့်အတင့်ပါတဲ့ မြေမှာလည်း စိုက်ပျိုးနိုင်ပါတယ် ဒါပေမယ့် ရေမဝပ်စေဖို့အတွက် ရေထုတ်  မြောင်းစနစ်တကျ ပြုလုပ်ပေးဖို့တော့လိုပါတယ်။ သဲမြေမှာစိုက်တယ်ဆိုရင် သဘာဝမြေသြဇာလုံလုံ  လောက်လောက်ထည့်ပြီးမှ စိုက်ပျိုးရမှာဖြစ်ပါတယ်။ အသင့်တော်ဆုံး PH ကတော့ (၅.၅-၇)ဖြစ်ပါ တယ်။  

    အရပ်ဒေသကိုလိုက်ပြီး တိုက်ရိုက်စိုက်တာနဲ့ ပြောင်းရွှေ့စိုက်ပျိုးတာဆိုပြီး (၂) မျိုးရှိပါတယ်။ 

    တိုက်ရိုက်စိုက်ပျိုးတဲ့နည်းကတော့ ပျိုးခင်း၊ ပျိုးဘောင်တွေနဲ့ပျိုးမထောင်ပဲ ကြိုက်နှစ်သက်တဲ့ ထယ်ရေး၊ ထွန်ရေးရပြီဆိုရင် မျိုးစေ့တွေကို ညီညီညာညာကြဲပက်ပြီး စိုက်ပျိုးရတာဖြစ်ပါတယ်။ 

    တစ်ဧကအတွက် မျိုးစေ့ (၁၀၀)ဂရမ်ခန့်ကုန်နိုင်ပါတယ်။ အပင်ပေါက်စုံရင် လိုချင်တဲ့ အကွာအဝေးထားပြီး ကျန်အပင်  တွေကို နုတ်ပေးရတာဖြစ်ပါတယ်။ မုံရွာ၊ ညောင်ကန်၊ ဘုတလင်တစ်ဝိုက်မှာ အများအားဖြင့် စိုက်ပျိုးကြပါတယ်။ 

     ရွှေ့ပြောင်းစိုက်ပျိုးနည်းကတော့ ထယ်ရေးအသင့်ပြင်ထားတဲ့ မြေပေါ်မှာ အသင့်ပျိုးထားတဲ့ 

    ပျိုးပင် ပျိုးသက် (၃၀-၄၅)ရက်သားခန့်ရရင်ပြောင်းရွှေ့စိုက်ပျိုးရတာဖြစ်ပါတယ်။ 

    အပင်ပြုစုစောင့်ရှောက်ခြင်း

    ရွှေ့ပြောင်းစိုက်ပျိုးပြီး (၃-၄)ရက်ကြာရင် အပင်စပြီးလန်းလာမှာဖြစ်ပါတယ်။ (၁၀-၁၂)ရက်ကြာတဲ့အခါ   ပေါင်း  နှိမ်နင်းတာ၊ ရေသွင်းတာတွေ စတင်လုပ်ပေးနိုင်ပြီဖြစ်ပါတယ်။ ကြားပေါင်းိုက်တာ၊ မြေတောင်မြှောက်ပေးတာ၊ မြေသြဇာကျွေးတာတွေကို (၂)ပတ် (၁)ကြိမ်ပြုလုပ်ပေးနိုင်ပါတယ်။ 

    မြေသြဇာထည့်သွင်းအသုံးပြုခြင်း

    တစ်ဧကအတွက် နွားချေး လှည်းအစီး (၁၀-၂၀)စီးထည့်ပေးနိုင်ပြီး ယူရီးယား (၁)အိတ်၊ တီစူပါ (၁)အိတ်၊ ပိုတက်ရှ် (၁)အိတ်နှုန်းကို မြေပြင်ချိန်မှာ ထည့်ပြီး အပင်ကြီးထွားတဲ့အချိန်မှာ ယူရီးယား (၂)အိတ္ကို ထပ်ပြီး ကျွေးရမှာဖြစ်ပါတယ်။ 

    ခူးဆွတ်ခြင်း

    ရွှေ့ပြောင်းစိုက်ပျိုးပြီး (၂)လအကြာမှာ ပန်းစပြီးပွင့်မှာဖြစ်ပါတယ်။ ပန်းပွင့်ပြီး (၂)ပတ်အကြာမှာ ပထမအကြိမ် စတင်ခူးဆွတ်နိုင်မှာဖြစ်ပါတယ်။ ရွှေ့စိုက်ပြီး (၃-၄)လအတွင်း ခူးဆွတ်နိုင်ပါတယ်။ အသီးတွေနီရဲလာရင် အမြန် ခူးဖို့လိုပါတယ်။ မှည့်တဲ့အသီးတွေကိုပဲ ခူးဆွတ်သင့်ပါတယ်။ စိမ်းတဲ့အသီးတွေခူးရင် ဖလံဖြူဖြစ်သွားတတ်ပါ တယ်။ ငရုတ်ီးအမှည့်ကို ခူးတဲ့အခါ ကြက်တူရွေးနုတ်သီးနဲ့ ောကးညိုတောင့်ကို မခူးရပါ။ (ငရုတ်သီးရင့်မှည့် တဲ့အခါ မှည့်စပြုတဲ့ အစိမ်းတစ်ပိုင်း၊ အနီတပိုင်းအဆင့်ကို ကြက်တူရွေးနုတ်သီးလို့ခေါ်ပြီး အဲဒီအဆင့်  ကျော်ပြီး လို့ ငရုတ်သီးတစ်တောင့်လုံး အညိုရောင်ပြောင်းသွားတဲ့အချိန်မှာတော့ ကြေးညိုတောင့်လို့ခေါ်ကြပါတယ်။

    သတိပြုစရာ ငရုတ်ရောဂါ  - ဘက္တီးရီးယား ပင်ညှိုး(လောင်ဖြူ) 

     ပျိုးခင်းမှ ခူးဆွတ်ချိန်အထိ ကျရောက်သည်။ ရေဝပ်၍ မြေအစိုဓာတ် မ်ားပါက ပိုမိုဆိုးရွာသည်။ ရောဂါကျစ၌ အရွက်နုများ၊ အညွန့်များ ညှိုးလာသည်။ ရောဂါပြင်းထန်ပါက (၂-၃) ရက်အတွင်း တစ်ပင်လုံး ညှိုးသွားသည်။ ပင်စည် ညိုမည်း၍ အပင်သေသွားသည်။ ရောဂါရ ပင် စည်အား ဖြတ်၍ ရေတွင်စိမ်ကြည့်ပါက နို့နှစ်ရောင် ဘက္တီးရီးယား စိမ့်ထုတ်ရည်များ စီးထွက်သည်ကို တွေ့ရသည်။ 

    ကာကွယ်နှိမ်နင်းနည်း 

     အပင်ခြေ ရေမဝပ်အောင် ဂရုစိုက်ပါ။ အပင်အား ဒဏ်ရာရစေနိုင်သည့် ပိုးမွှားများကို ထိရောက်စွာ ကာကွယ် နှိမ်နင်းပါ။ ဓာတ်မြေသြဇာကို အချိုးကျ သုံးစြဲပါ။ ပုလဲဓာတ်မြေသြဇာများများ သုံးစြဲမွုအား ရှောင်ပါ။ ရောဂါရ အပင်များကို ချက်ချင်းနုတ်ယူ၍ စိုက်ခင်းမှ ဝေးရာတွင် မြေနက်နက် တူးမြှုပ်ပါ။ ရောဂါဒဏ်ခံနိုင်သည့်မျိုးကို စိုက်ပါ။ အာလူး၊ ခရမ်းချဉ်၊ ခရမ်း၊ ဆေးစသော သီးနှံများနှင့် အလှည့်ကျစိုက်မှု ရှောင်ပါ။ အျခား သီးနှံများနှင့် အလှည့်ကျစိုက်ပါ။ ရောဂါရအကွက်မှ ရေနှင့် ထြန္ထယ္ကိရိယာမ်ားကို ရောဂါကင်းသည့် အကွက်တွင် သုံးမွု ရှောင်ပါ။ (သို့) သန့်ရှင်းပြီးမှ သုံးစြဲပါ။ 

    ရောဂါစတင်ဖြစ်ပွားပါက ဘီလီယံ ၊ ကာဆူဂါ၊ ကျူပရောက်ဆက်ဆေးများကို သုံးပေးနိုင်ပါသည်။

    မှဲ့ပြောက်စွန်းနှင့် ကိုင်းဖျားခြောက်ရောဂါ 

    အရွက်၊ အကိုင်းနှင့် အသီးပေါ်တွင် ကျရောက်သည်။ ငရုတ်ပွင့်တွင် က်ပါက အပွင့်ညှိုး၍ ငိုက်ကျလာပြီး တဖြည်းဖြည်း ခြောက်ကာ ကြွေကျသွားသည်။ အပွင့်မှ ပွင့်ညှာကို ဖြတ်၍ ကိုင်းအထိကူးစက်ပါက ကိုင်းဖျားခြောက်ရောဂါ ဖြစ်စေသည်။ ကိုင်းဖျားမှကိုင်းခွအထိ ခြောက် ကာ ကိုင်းတစ်ခြမ်း (သို့) တစ်ကိုင်းလုံး ခြောက်သွားနိုင်သည်။ 

    ရင့်မှည့်သည့် အသီးပေါ်တွင် ဦးစွာရေစိုနာ အကွက်ဖြစ်၍ တဖြည်း ဖြည်း ကျယ်ပြန့်လာကာ နီညိုရောင် ပြောင်းသွားသည်။ အနာကွက်ပေါ်တွင် အဖုငယ္မ်ားကို စက်ဝိုင်း ပုံအရစ်များအဖြစ် တွေ့ရသည်။ ရောဂါပြင်းထန်ပါက အသီးအတွင်းပိုင်း တွန့်ရှုံ့နေမည်။ အရွက်ပေါ်တွင် မီးခိုးရောင် အကွက်ငယ် ပေါ်လာသည်။ အနာကွက် ကျယ်ပြန့်လာခြင်းကြောင့် အရွက်ခြောက် ဧရိယာ ကျယ်ပြန့်လာသည်။ 

    ကာကွယ်နှိမ်နင်းနည်း 

    ရောဂါရအပင်မှ မျိုးစေ့မယူသင့်ပါ။ သီးနှံပင် အကြွင်းအကျန်များကို မီးရွို့ဖ်က္ဆီးပါ။ မျိုးစေ့များကို ပျိုးမထောင်မီ အထက်ပါဆေးများဖြင့် လူးနယ်ပြီးမှ ပျိုးထောင်ပါ။

     ရောဂါစတင်ကျလျှင်  ယူနတီကို ဆေးတစ်ပုံးမှာ ၁၀-၂၀စီစီဖြင့် တစ်ဧက ငါးပုံး  (၇-၁၀) ရက်ခြား တစ်ကြိမ်ဖြင့် လိုအပ်သလို ဖျန်းပေးပါ။ 

    No comments

    ငရုတ်ပင် နည်းစနစ်တကျစိုက်ပျိုးနည်း

    ငရုတ်ဟာ မြေသြဇာကြွယ်ဝပြီး ရေမဝပ်တဲ့မြေမျိုး၊ သဲနုန်း၊ နုန်းမြေတွေက အကောင်းဆုံးဖြစ်ပါတယ်။  မြေစေးအသင့်အတင့်ပါတဲ့ မြေမှာလည်း စိုက်ပျိုးနိုင်ပါ...

    Powered by Blogger.